Skip to main content

အမဲသား၊ ဝက်သားများအား သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော် မေ ၂၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် အမဲသား၊ ဝက်သားများအား ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ ဧပြီ ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့လှည့်လည်ရောင်းချရာ ယနေ့တွင် အမဲသားပိဿာ ၆၀ နှင့် ဝက်သား ၇၅ ပိဿာတို့ကို သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်