Skip to main content

မူမှန်ပြက္ခဒိန်ရောင်းချ

နေပြည်တော် မေ ၁၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ပညာရှင်များ ရေးဆွဲထားသည့် မြန်မာသက္ကရာဇ် ၁၃၈၇-၁၃၈၈ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၆ ခုနှစ်အတွက် မြန်မာ-ရခိုင်-အင်္ဂလိပ် မူမှန်ပြက္ခဒိန်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လမှစတင်၍ တစ်စောင်လျှင် ငွေကျပ် တစ်သောင်းတိတိဖြင့် ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန (နေပြည်တော်) တွင် ရောင်းချသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့က ရေးဆွဲထားသည့် မူမှန်ပြက္ခဒိန်ကို ဝယ်ယူထုတ်ဝေဖြန့်ချိခြင်းဖြင့် ဝိဝါဒကွဲပြားမှုမရှိသော ပြက္ခဒိန်ကို အများပြည်သူတို့အတွက် ထုတ်ဝေနိုင်မည်ဖြစ်ကြောင်းနှင့် အနုပညာဦးစီးဌာနအနေဖြင့်လည်း မူမှန်ပြက္ခဒိန်ရောင်းချငွေကို နိုင်ငံတော်ရငွေအဖြစ် နှစ်စဉ်ပေးသွင်းလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်