နေပြည်တော် မေ ၁၄
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် မန္တလေးငလျင်ကြီး ဖြစ်ပွားခဲ့သည့်ဒေသများတွင် ICRC မှ ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ ICRC အနေဖြင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်