Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီ၌ ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ခဲ့သည့် ဗိုလ်မှူးချုပ်မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့အား ကြိုဆိုနှုတ်ဆက်

နေပြည်တော် မေ ၁၁

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီ၌ မေ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ခဲ့သည့် ဗိုလ်မှူးချုပ် မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံမော်စကိုမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြသည်။

ကြိုဆိုနှုတ်ဆက်

ထိုသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရင်ပြင်နီ၌ မေ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ခဲ့ကြသော ဗိုလ်မှူးချုပ်မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့အား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများက မန္တလေးမြို့တံတားဦးလေဆိပ်၌ သွားရောက်ကြိုဆို နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်