ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်
အဆွေတော်
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် (သောကြာနေ့) တွင် မြန်မာနိုင်ငံ၌ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် အထူးဝမ်းနည်းကြေကွဲပါကြောင်း အဆွေတော်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံပြည်သူများအား ဂါနာသမ္မတနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့် ပြောကြားအပ်ပါသည်။
ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးခဲ့ခြင်း၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် ပျက်စီးဆုံးရှုံးမှုကြီးမားစွာ ရှိခဲ့သည့်အတွက် အလွန်စိတ်မကောင်းဖြစ်ရပါသည်။ ကျန်ရစ်သူမိသားစုများ၊ ထိခိုက်ဒဏ်ရာရသူများအတွက် ဆုတောင်းမေတ္တာပို့သလျက် ရှိပါသည်။
ဤသို့ ခက်ခဲလှသည့်အချိန်တွင် ဂါနာနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူများနှင့်အတူ တစ်သားတည်းရှိနေပါကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံပြည်သူများ ကျန်းမာ၍ သာယာဝပြောပါစေကြောင်း လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းလျက် အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ဂျွန် ဒရာမာနီ မာဟာမာ
ဂါနာသမ္မတနိုင်ငံသမ္မတ