Skip to main content

ဗိုလ်တထောင်မြို့နယ်မှ Time City ကိုဗစ်-၁၉ ရောဂါကုသရေးဌာနနှင့် ပတ်သက်သည့် မှတ်တမ်းများအား လွှဲပြောင်းပေးအပ်

ဗိုလ်တထောင် အောက်တိုဘာ ၁၄


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၃)ရပ်ကွက်၊ ကုန်သည်လမ်းနှင့် ဗိုလ်တထောင် စျေးလမ်းထောင့်ရှိ Time City ကိုဗစ်-၁၉ရောဂါကုသရေးဌာနနှင့် ပတ်သက်သည့် မှတ်တမ်းများအား အလှူရှင် ဦးရှောက်စန်းက ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် Time City ကိုဗစ်ရောဂါကုသရေးဌာန တာဝန်ခံဆရာဝန်ကြီးထံသို့ ယမန်နေ့ နေ့လယ်(၁)နာရီခန့်ကလွှဲပြောင်းပေးအပ်ခဲ့သည်။ 
အဆိုပါ Time City ကိုဗစ်-၁၉ ရောဂါကုသရေးဌာနသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် လူဝင်မှုကြီးကြပ်ရေး ဒေါ်မိုးမိုး စုကြည်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ လာရောက်ခဲ့ရာ အလှုရှင် ဦးရှောက်စန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး(ခ)ဒေါ်မေစိုး၊ အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်ကို၊ တာဝန်ခံဆရာဝန်ကြီးနှင့် တာဝန်ရှိသူ များ ကြိုဆိုခဲ့သည်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အဖွဲ့သည် လိုအပ်သည် များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


သိန်းသိန်း(ဗိုလ်တထောင်)