Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မန္တလေးငလျင်ကြီးကြောင့် သေဆုံး၊ ဒဏ်ရာရ ဝန်ထမ်းများနှင့် မိသားစုဝင်များကို အားပေးစကားပြောကြား၍ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

နေပြည်တော် မေ ၇

မန္တလေးငလျင်ကြီးကြောင့် သေဆုံး၊ ဒဏ်ရာရ ဝန်ထမ်းများနှင့်မိသားစုဝင်များ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့တွင် ရုံးအမှတ် (၂၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဧည့်ခန်းဆောင်၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အားပေးစကားပြောကြားပြီး သေဆုံးဝန်ထမ်းတစ်ဦးနှင့် မိသားစုဝင်ရှစ်ဦး၊ ဒဏ်ရာရဝန်ထမ်းတစ်ဦးနှင့် မိသားစုဝင်နှစ်ဦး၊ တိုက်ပိခံရသည့် ဝန်ထမ်းအိမ်ထောင်စု ၂၂ စုတို့အတွက် ပြည်ထောင်စုဝန်ကြီးနှင့် အလှူရှင်များက လှူဒါန်းထောက်ပံ့ငွေကျပ် ၃၂၃ သိန်းနှင့် အိမ်သုံးပစ္စည်း ၁၇ မျိုးဖြစ်သော စောင်၊ စတီးပန်းကန်များ၊ စတီးဇလုံ၊ စတီးရေခွက်၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ (ကြမ်း)၊ လက်သန့်ဆေးရည်၊ ဆပ်ပြာအမွှေးခဲ၊ ထမင်းချက်ဒယ်အိုး၊ ဟင်းချက်ဒယ်အိုး၊ ပလတ်စတစ်ဇလား၊ စတီးထမင်းစားဇလုံ၊ စတီးဇွန်း၊ စတီးဟင်းထည့်ပန်းကန်နှင့် ကိုင်းခြင်ထောင်တို့ကို ထောက်ပံ့ပေးသည်။

ယင်းနောက် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ဝန်ထမ်းများ၏ သားသမီး ၁၅ ဦးအတွက် တစ်ဦးလျှင် ငါးသိန်းစီဖြင့် စုစုပေါင်း ၇၅ သိန်း ထောက်ပံ့ပေးသည်။ ယနေ့ထောက်ပံ့ငွေ စုစုပေါင်း ၃၉၈ သိန်းနှင့် လှူဒါန်းပစ္စည်း ၁၇ မျိုးတို့ကို ဝန်ကြီးရုံးနှင့် ဦးစီးဌာနသုံးခုတို့မှ ဝန်ထမ်းများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်