Skip to main content

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဟင်းသီးဟင်းရွက်များ လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော် မေ ၇

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ ဧပြီ ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှည့်လည်ရောင်းချရာတွင် ဧပြီ ၃၀ ရက်မှ မေ ၇ ရက် အထိ နေပြည်တော်အတွင်း ဈေးကားရှစ်စီးဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဥတ္တရသီရိမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးများ၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာန၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ မြန်မာ့အလင်းသတင်းစာတိုက်၊ ကြေးမုံသတင်းစာတိုက်၊ အကျဉ်းဦးစီးဌာန (နေပြည်တော်)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (တိုင်းရုံး)၊ အထူးရဲရုံး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ခရမ်းချဉ်သီး ပိဿာ ၁၂၁၀၊ အာလူး ၁၁၂၅ ပိဿာ၊ ဂေါ်ဖီထုပ် ၄၅၀၊ ပန်းဂေါ်ဖီပွင့် ၃၅၀၊ ချင်း ၁၂၅ ပိဿာ၊ ကြက်သွန်ဖြူ ပိဿာ ၂၀၀ ၊ ကြက်သွန်နီ ၂၇၅ ပိဿာ၊ ရွှေဖရုံသီး/ ကျောက်ဖရုံသီး ၂၆၂ ပိဿာ၊ ခရမ်းသီး ၁၇၅ ပိဿာနှင့် မုန်ညင်းဖြူ ၈၇ ပိဿာ၊ ကိုက်လန် ၁၈ ပိဿာ၊ မုန်လာဥနီ ပိဿာ ၁၅၀၊ ငရုတ်ပွ ၁၈ ပိဿာ၊ ဗိုလ်စားပဲ ၁၈ ပိဿာ၊ လက်ဖက် ခြောက် ၅ ပိဿာနှင့် ဂန္ဓာမာပန်း ၇၅ စည်းတို့အား သက်သာသော ဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်