နေပြည်တော် မေ ၇
တပ်မတော် (ရေ) က ၂၀၂၅ ခုနှစ် ရေကြောင်းလူငယ်အခြေခံသင်တန်း (၁/၂၀၂၅) နှင့် ရေကြောင်းလူငယ်တန်းမြင့်သင်တန်း (၁/၂၀၂၅) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ၏ ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၁၁ ခုတွင် သင်တန်းသား စုစုပေါင်း ၈၀၀ ဖြင့် ဧပြီ ၂၂ ရက်မှစတင်၍ ဖွင့်လှစ်လျက်ရှိသည်။
ထိုသို့ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖွင့်လှစ်ပို့ချလျက်ရှိသည့် နေပြည်တော်စခန်းတန်းခွဲ (၁) နှင့် တန်းခွဲ (၂) သို့ သွားရောက်ခဲ့ပြီး သင်တန်းသားများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။ ထို့နောက် သင်တန်းသားများ စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်