Skip to main content

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် သင်တန်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၇

ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်သည် ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သို့ ရောက်ရှိပြီး သင်တန်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ၊ ပညာဌာနမှူးများ၊ စီမံခန့်ခွဲရေးနှင့် လေ့ကျင့်သင်ကြားရေးဌာနများမှ တာဝန်ခံအရာရှိများနှင့် တွေ့ဆုံ၍ ၂၀၂၅-၂၀၂၆ လေ့ကျင့်ရေးနှစ် သင်တန်းလျာထားချက်နှင့်အညီ ဇွန်လဆန်းတွင် သင်တန်းများ စတင်ဖွင့်လှစ်မည်ဖြစ်၍ သင်တန်းများအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသော သင်တန်းအိပ်ဆောင်များ၊ စာသင်ဆောင်များ အချိန်မီပြင်ဆင်ပြီးစီးရေးနှင့် ပြင်ဆင်ရာတွင် ကျွမ်းကျင်သူများ၏ အကြံပြုချက်အတိုင်း အလေးထားဆောင်ရွက်ရန်၊ ပညာဌာနများအနေဖြင့် သင်ရိုးညွှန်တမ်း၊ ပို့ချဘာသာရပ်များ စနစ်တကျပြင်ဆင်ထားရန် မှာကြားသည်။

ယင်းနောက် ၂၀၂၅-၂၀၂၆ လေ့ကျင့်ရေးနှစ် သင်တန်းလျာထားချက်နှင့်အညီ ဇွန်လဆန်းတွင် သင်တန်းများဖွင့်လှစ်နိုင်ရေးသင်တန်းအိပ်ဆောင်၊ စားရိပ်သာများ၊ သင်တန်းခန်းမများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးနေမှုများအပေါ် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်