Skip to main content

နောင်ချိုမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် အောက်တိုဘာ ၁၂

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီခွဲက နောင်ချိုမြို့နယ် ခြေမြစ်ပင်ကျေးရွာအနီး မူဆယ်-မန္တလေးသွားကားလမ်းတွင် စိုင်းမိုးလွင်မောင်းနှင်ပြီး ကျော်လင်းအောင် လိုက်ပါလာသည့် ဆိုင်ကယ်နှင့် မျိုးမင်းအောင်(ခ)အီစ္စမာန် မောင်းနှင်လာသော ဆိုင်ကယ်တို့ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မျိုးမင်းအောင်(ခ) အီစ္စမာန်သည် ဆိုင်ကယ်အားနောက်ပြန်လှည့်၍ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးရာ လွန်းကျော်ကျေးရွာအနီး၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၃၀၀၀၀ နှင့် ငွေကျပ် ၂၅၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား