Skip to main content

ပြန်ကြား​ရေးဝန်ကြီးဌာနရှိ ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် အလိုတော်ပြည့်ဆရာတော်ကြီး၏ လက်ထောက်ဆရာတော် အရှင်ကုမာရဦးဆောင်သော အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့က လူသားချင်းစာနာထောက်ထားမှုအကူအညီများ လာ​ရောက်လှူဒါန်း

နေပြည်တော် ဧပြီ ၂၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် အလိုတော်ပြည့်ဆရာတော်ကြီး၏ လက်ထောက်ဆရာတော် အရှင်ကုမာရဦးဆောင်သော အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့အား နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦထိခိုက် ပျက်စီးမှုအ​ခြေအ​နေများ၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်ထူ​ထောင်​ရေး​ဆောင်ရွက်မှုအ​ခြေအနေများ၊ နိုင်ငံ​တော်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကူညီ​ဆောင်ရွက်​ပေး​နေမှုအ​ခြေအ​နေများနှင့် ယခုကဲ့သို့ ​​ပစ္စည်းများလာ​ရောက်လှူဒါန်း​မှုအတွက် ​ကျေးဇူးတင်ရှိပါ​ကြောင်း တင်ပြလျှောက်ထားပြီး ငလျင်ကြောင့် ဝန်ကြီးဌာနရုံးအဆောက်အဦ ထိခိုက်မှုများကို လိုက်လံရှင်းလင်းပြသသည်။

ယင်းနောက် အရှင်ကုမာရဦးဆောင်သော အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့က ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးကလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အရှင်ကုမာရဦးဆောင်သော အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့အား ဝန်ကြီးဌာနမျက်နှာစာ၌ ဝန်ထမ်းများအတွက် ယာယီဘာရှာများ စနစ်တကျတည်ဆောက်​နေမှုကို လိုက်လံပြသခဲ့သည်။ 

သတင်းစဉ်