နေပြည်တော် ဧပြီ ၂၉
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာအဘ်ဟေးတာကူးရ်အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်မှု၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များနှင့် ဆေးအဖွဲ့များစေလွှတ်ပေးမှုများအတွက် အိန္ဒိယနိုင်ငံအပေါ် ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။
ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်နိုင်မည့် နည်းလမ်းများနှင့် ငလျင်ဒဏ်ခံစားရသူများအား ကယ်တင်ရေးနှင့် ကယ်ဆယ်ရေးဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးကြသည်။
သတင်းစဉ်