ကျောက်ဆည် ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် ထိုင်းတော်ဝင်လေတပ်မှ Col. Suthawut Naksri ဦးဆောင်သော ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းက ဆူးကုန်းရပ်ကွက်ရှိ မဟာဝိသုတာရာမကျောင်းတိုက်တွင် ငလျင်ဘေးသင့်ပြည်သူများအား ဆေးဝါးများကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆေးဝါးများ ကုသပေးရာတွင် ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် အဖွဲ့ဝင်များက ငလျင်ဘေးသင့်ပြည်သူ ၃၃၂ ဦးအား ဆေးကုသနေမှုများကို လှည့်လည်ကြည့်ရှုပြီး ထိုင်းတော်ဝင်လေတပ်အား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းနှင့် ငလျင်ဘေးသင့်ပြည်သူများအား ဧပြီ ၃၀ ရက်အထိ ဆေးဝါးများဆက်လက်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)