တောင်ကြီး အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ယနေ့ညနေ ၄ နာရီ က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။
အဆိုပါလှူဒါန်းပွဲတွင် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ခရိုင်/မြို့နယ် စာရင်းစစ်ရုံးများမှ အလှူငွေ ကျပ်(၁၀)သိန်းကို ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုးဟိန်း က လည်းကောင်း၊ Kyaukse Silk Co.,Ltd ၊ Myanmar Silk Co.,Ltd တို့မှ Medical Masks (၄၈၀၀၀)ခု၊ Face Shield (၃၀၀၀)ခု၊ Hand Gel (၈)ဖာ (၃၂၀)ဗူးတို့ကို လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းပေးကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများ က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)