နေပြည်တော် ဧပြီ ၁၉
ယခုအချိန်သည် ငလျင်ဒဏ် အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီ ဖြစ်၍ နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ထိုသို့တည်ဆောက်မှုလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်း ဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့် တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် တင်သွင်းလာ သောဘိလပ်မြေရေယာဉ်များ စဉ်ဆက်မပြတ် ရောက်ရှိလျက်ရှိပြီး ယခုတန်ချိန် ၃၀၁၀ တင်ဆောင်လာသည့် ရေယာဉ်သည် ရန်ကုန်မြို့ ရွှေပြည်သာ ရွှေမဲဆိပ်ကမ်းသို့ ဧပြီ ၁၈ ရက် ညနေပိုင်းတွင် ထပ်မံရောက်ရှိခဲ့၍ ယနေ့နံနက်ပိုင်း၌ ဈေးကွက်အတွင်း ဖြန့်ဖြူးရန်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သော ဘိလပ်မြေကို တင်သွင်းခွင့်ပြုထားပြီး ယခု ရေယာဉ်အပြင် ကျန်ဘိလပ်မြေ တင်ဆောင်လာသည့်ရေယာဉ် များပါ အပတ်စဉ် ဆက်လက်ရောက်ရှိလာမည် ဖြစ်ကြောင်းသတင်းရရှိသည်။
သတင်းစဉ်