Skip to main content

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်အတူ ယနေ့ညနေ ၄ နာရီတွင် ဝန်ကြီးဌာနဝင်းအတွင်း၌ နှစ်ဆန်း တစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားနာရွတ်ဖတ်ပူဇော်ခြင်းကိုပြုလုပ်ရာ ဆရာဒကာ၊ ကျောင်းတိုက်လေးခုမှ သံဃာ တော်ကိုးပါးက အန္တရာယ်ကင်း ပရိတ်တရားများ ရွတ်ဖတ်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ကြက်သွန်အပါအဝင် ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းကြသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် နှစ်စဉ်နှစ်တိုင်း နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များ အားလုံးတွင် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ကျင်းပလျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်အတူ ယနေ့ ညနေပိုင်းတွင် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ၌ သက်ကြီးပူဇော် ပွဲအခမ်းအနားကို တက်ရောက်ပြီး အဘိုးအဘွားများအား ကန်တော့ ချိုးဖြင့် ကန်တော့ကာ အလှူ ငွေကျပ် ၂၅ သိန်းကို ပေးအပ်လှူဒါန်းရာ ကရုဏာကမ္ဘာဘိုးဘွား ရိပ်သာမှ တာဝန်ခံအရာရှိ ဗိုလ်မှူး သောင်းမြင့် (ငြိမ်း)က လက်ခံသည်။

ကရုဏာကမ္ဘာ ဘိုးဘွား ရိပ်သာတွင် အဘိုး ၁၃၈ ဦး၊ အဘွား ၅၈ ဦး စုစုပေါင်း ၁၉၆ ဦး ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်