Skip to main content

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော် မတ် ၂၅

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မတ် ၁၇ ရက်မှ ၂၅ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင် ကျွန်း ၆ ဒသမ ၉၀၁၂ တန်၊ သစ်မာ ၇ ဒသမ ၄၃၉၄ တန်၊ အခြား ၁၀၈ ဒသမ ၇၉၂၀ တန် စုစုပေါင်း ၁၂၃ ဒသမ ၁၃၂၆ တန်၊ ယာဉ်/ယန္တရား ၁၇ စီး၊ တရားခံ ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံသစ်တော ဦးစီးဌာနမှ သိရသည်။

သတင်းစဉ်