Skip to main content

ဆရာ ဆရာမများ မွမ်းမံသင်တန်းများ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး

နေပြည်တော် မတ် ၂၅

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းများ၌ ဖွင့်လှစ်လျက်ရှိသော ဆရာ ဆရာမများ မွမ်းမံသင်တန်းများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှုအစီအစဉ်များကို ထည့်သွင်းဆောင်ရွက်လျက်ရှိသည်။

ထို့သို့ ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့တို့မှ အခြေခံပညာကျောင်းများရှိ ဆရာ ဆရာမများကို “ပညာရေးမှတစ်ဆင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ခြင်းဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ခြင်း” ခေါင်းစဉ်ဖြင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးအစီအစဉ်များကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံ့ဝန်ထမ်းများ ပူးပေါင်းပါဝင်လာစေရန်၊ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် လူမှုအသိုက်အဝန်းတစ်ခုတည်ဆောက်ရာတွင် အဓိကကျသည့် ဆရာ ဆရာမများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။

သတင်းစဉ်