နေပြည်တော် မတ် ၁၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ သွားရောက်စစ်ဆေးရာ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးဆေးခန်းများ ဆောင်ရွက်ထားရှိမှုနှင့် စာမေးပွဲဖြေဆိုခန်းများ ပြင်ဆင်ထားရှိမှုတို့ကို တိုင်းပညာရေးမှူး ဒေါက်တာကျော်လွင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ကျောင်းသား ကျောင်းသူများ သွားလာမှုအဆင်ပြေစေရေး၊ စာမေးပွဲဆိုင်ရာလုံခြုံရေးနှင့် လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝရရှိစေရေးတို့ကို လစ်ဟာမှုမရှိစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် လယ်ဝေးမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးဆေးခန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကြီးကြပ်ရေးဆရာဆရာမများကို စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်