Skip to main content

ကင်းသာရေထိန်းတမံ ပြုပြင်မွမ်းမံမှုလုပ်ငန်းများ မတ်လကုန်တွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်သွားမည်

နေပြည်တော် မတ် ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ကင်းသာရေထိန်းတမံ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများနှင့် တမံအတွင်းရေဝင်ရောက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကင်းသာရေထိန်းတမံ အခိုင်အမာ ပြင်ဆင်ခြင်းလုပ်ငန်းများနှင့် ရေသောက်စနစ်များ သတ်မှတ်ကာလအတွင်း လုပ်ငန်းများအားလုံးပြီးစီးရေး ဆွေးနွေးမှာကြားသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် “ရာဂီ တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ကင်းသာ ရေထိန်းတမံအတွင်း ရေဝင်ရောက်မှုများပြားခဲ့သဖြင့် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် တမံထိပ်မျက်နှာပြင်မှ (၃)ပေ အထိ ရေကျော်စီးဆင်းခဲ့ပြီး တမံကိုယ်ထည်၌ ရေတိုက်စား ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ စက်တင်ဘာ ၁၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုယ်တိုင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး “ရေလမ်းကြောင်း ရှင်းလင်းရေးလုပ်ငန်းများ၊ တမံအတွင်း ပြည့်နှက်နေသည့်နုန်းများ၊ သဲများကို ဖယ်ထုတ်ခြင်းလုပ်ငန်းများကို အဆင့်လိုက်ဆောင်ရွက်ရန်၊ ကနဦးအနေဖြင့် အပျက်အစီးများ ရှင်းလင်းခြင်းလုပ်ငန်းများနှင့် တမံဧရိယာ ပြန်လည်ဖော်ဆောင်ခြင်းလုပ်ငန်းများကို ဦးစွာဆောင်ရွက်သွားရန်၊ ထို့နောက် ကျိုးပေါက်နေသည့် တမံနေရာများစနစ်တကျဖြင့် ပြန်လည်ပြုပြင်သွားရန် လမ်းညွှန်မှာကြားချက်အရ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပညာရှင်များက ရေထိန်းတမံအား အခိုင်အမာပြုပြင်ရေးလုပ်ငန်းများဖြစ်သည့် တမံကိုယ်ထည်ပြန်လည်မြေဖို့ခြင်း၊ တမံ၏ ရေဝပ်ဧရိယာအတွင်း သဲနုန်းတူးဖော်ခြင်း၊ ရေထုတ်ပြွန်ပြုပြင်ခြင်း၊ တမံ၏ မူလရေပိုလွှဲပြုပြင်ခြင်းနှင့် ရေပိုလွှဲတံတားတည်ဆောက်ခြင်း၊ အရံရေပိုလွှဲ (Fuse Spillway chanel) ထည့်သွင်းတည်ဆောက်ခြင်းနှင့် ရေသောက်စနစ် ပြုပြင်ခြင်းလုပ်ငန်းများအား ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာ မတ်လကုန်တွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်