Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီများဖက်ဒရေးရှင်း(IFRC)အဖွဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Alexander James Matheou အား လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၁၁

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီများဖက်ဒရေးရှင်း(IFRC)အဖွဲ့၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander James Matheou အား ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် IFRC အဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသည့် ရှေးဦးသူနာပြုစုခြင်းနှင့် အရေးပေါ်လူနာညွှန်းပို့ခြင်းဆိုင်ရာကိစ္စရပ်များ၊ ပြည်သူလူထုအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရမှုများလျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၅ ခုနှစ်အတွင်း ဆက်လက်ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကိုရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ IFRC ရုံးမှ ဌာနေကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်