နေပြည်တော် ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသား၍ အွန်လိုင်းမီဒီယာများတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အထက်ပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အကြမ်းဖက်သမားများအနေဖြင့် ၎င်းနယ်မြေအတွင်း ပြည်သူများအေးချမ်းသာယာစွာဖြင့် နေထိုင်လုပ်ကိုင်နိုင်စေရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိခိုက်စေရန်ရည်ရွယ်၍ Drone များအသုံးပြု ကာ Drop Bomb ချတိုက်ခိုက်မှုများကြောင့် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်း၊ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးရခြင်းများရှိကြောင်း၊ ပြည်ဖျက်မီဒီယာများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင် လွဲမှားစေရန်ရည်ရွယ်၍ မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်