ကျိုက်ထို အောက်တိုဘာ ၄
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများ အား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲခန့်က ကျောက်ရေတွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ဒေသခံတောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ရရှိသူ တောင်သူ(၇၅)ဦးတို့အား လယ်ယာ မြေလုပ်ပိုင် ခွင့်လက်မှတ်များကို တာ၀န်ရှိသူများက ပေးအပ်ခဲ့ကြသည်။
ထို့နောက် ၀င်းကံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌လည်း နံနက် နံနက်၁၀နာရီခွဲခန့်တွင် လယ်ယာ မြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရရှိသူတောင်သူ (၁၁၃)တို့အား လုပ်ပိုင် ခွင့်လက်မှတ်များ ပေးအပ်ခဲ့ကြောင်းသိရ သည်။
အဆိုပါ အခမ်းအနားများသို့ မွန်ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာအေးဇံ၊ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှမြင့်သန်း၊ မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးမင်းသိန်း၊ ခရိုင်လယ်ယာ မြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့၀င်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးရဲ၀င်းထိုက်နှင့် အဖွဲ့၀င်များ၊ လယ်ယာမြေခွင့်ပြုလက်မှတ်ရရှိသည့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းသန်းမော်(ပြန်/ဆက်)