ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင် သံကြားမှ သတင်းအဖွဲ့က အောက်တိုဘာ ၂ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည် -
ပါမောက္ခ ဒေါက်တာဇော်ဝေစိုး [ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)]
အားလုံးမင်္ဂလာပါ။ ၂ - ၁၀ - ၂၀၂၀ ရက်နေ့ ရန်ကုန် ရဲ့ ကိုဗစ်အခြေအနေက အားလုံးသိတဲ့အတိုင်း ဒီနေ့ ၈၈၆ ဦးဆို တော့ အရေအတွက် တော်တော်လေးများပါတယ်။ အရင်နေ့တွေက ထွက်နေတဲ့ ၇၀၀ ကျော်ကနေ အခု ၈၀၀ ကျော်လာ ပြီး ၉၀၀ နီးပါးဖြစ်သွားတဲ့ သဘော ရှိပါတယ်။
စစ်ဆေးတာတွေ ပိုပြီးများလာ
ဒါက ကျွန်တော် ထင်ပါတယ်။ မနေ့က Testing Power တက်လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စစ်ဆေးတာတွေ ပိုပြီးများလာတာကြောင့် ဖြစ်နိုင်ပါ တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အနေအထားက ကုသမှုစင်တာတွေကို၊ ကိုဗစ်-၁၉ ကုသရေးဌာနတွေကို ပြောင်းရွှေ့ကုသနိုင်ရေးအတွက် ပိုမိုပြီး လိုအပ်လာတာ ဖြစ်ပါတယ်။ လက်ရှိအနေအထားအရ ကျွန်တော်တို့ ထိန်းနိုင်ပါသေးတယ်။
ထိန်းသိမ်းထားနိုင်
ကျွန်တော် မနေ့ကပြောသလိုပဲ အောင်မြင့်မိုရ်၊ ရိုးမအသစ် ဒါတွေအတွက် ဆောင်ရွက်နိုင်သလို၊ ပညာ ရေး ကောလိပ်၊ နောက်ယဉ်ကျေးမှုတက္ကသိုလ် ဒါတွေမှာ လည်း တိုးချဲ့ပြီး ဆောင်ရွက်လာနိုင်တဲ့အတွက် လက်ရှိ အနေအထားက ထိန်းသိမ်းထားနိုင်မယ့် အနေအထားမှာ ရှိပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပြောရရင် တကယ်တော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့၊ နိုင်ငံတော်နဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်ထားချက်တွေက တကယ့်ကို တော်တော်လေးကို အစွမ်းကုန်လုပ်ထားတာ ဖြစ်ပါတယ်။
ကျွန်တော်တို့လို နိုင်ငံမျိုးမှာ လူနာတိုင်းကို အခန်းနဲ့ထားတယ်။ အဲကွန်းနဲ့ထားတယ်။ လူနာ လေးယောက် ကို တစ်ခန်း၊ အဲကွန်းနဲ့ထားတယ်။ ရေပူ ရေအေးစက်တွေ၊ နောက် အဝတ်လျှော်စက်တွေ ဒီလိုမျိုးနဲ့ ခုနကလို ကျန်းမာရေးစောင့်ရှောက်မှုအတွက် အောက်ဆီဂျင်တိုင်းတဲ့ စက်တွေ၊ Pressure တိုင်းတဲ့ စက်တွေ၊ ဒါမျိုးတွေကို လူလေးယောက်၊ ငါးယောက်ကို တစ်ခုထားပေးတာ၊ ဒီလိုမျိုး Facilities နဲ့ ဒီလိုမျိုးထားတယ်၊ ကျန်းမာရေး စောင့်ရှောက်သူတွေ ထားထားပေးတယ်ဆိုတာ တကယ်တော့ တော်တော့်ကို အစွမ်းကုန်ကြိုးစားပြီး ဆောင်ရွက်နေ တာဖြစ်ပါတယ်။
အထူးပဲ ကျေးဇူးတင်ဖို့ကောင်း
ဒါကို ပြည်သူလူထုအနေနဲ့ နားလည်ဖို့လိုပါတယ်။ နိုင်ငံတော်ကို ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ နိုင်ငံတော် က သူ့အနေအထားနဲ့ ဒါမျိုးကို အစွမ်းကုန်ဆောင်ရွက်ပေး ထားတာ အခုလိုမျိုး လူ ၇၀၀၀ ကျော် ၈၀၀၀ ကို ပြုစု စောင့်ရှောက်ဖို့အတွက် စီစဉ်ပေးထားတာ အထူးပဲ ကျေးဇူးတင်ဖို့ ကောင်းပါတယ်။
တကယ်လို့ Next Step က ဘာလဲဆိုရင် Containment မှာ အခုဟာက Institution တွေမှာ ကိုဗစ်စင်တာတွေမှာ ထားတာပေါ့နော်။ တကယ်လို့ နောက်တစ်ဆင့်ဆိုရင် တချို့လူတွေကို နိုင်ငံတကာမှာ လုပ်သလို အိမ်မှာ ထားဖို့ Contain at Home ပါ။ အဲဒီအခါကျရင် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လုံခြုံရေးနဲ့ သေချာ ပေါင်းစပ်ပြီး အဲဒီလိုမျိုး နေနိုင်တဲ့သူတွေကို အဲဒီလိုမျိုး ထားပြီး အခက်အခဲရှိတဲ့သူတွေကို ကိုဗစ်စင်တာတွေမှာ ထားပြီးကုသဖို့ ဖြစ်ပါတယ်။ ဒါက နိုင်ငံတော်အနေနဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ စင်ထရယ်ကိုဗစ်ကော်မတီ အနေနဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါကလည်း အခုအချိန်မှာစတင်ပြီး ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေအထားပေါ့နော်။
ဆက်ပြီးတက်လာရင် ဘယ်လိုလုပ်မှာလဲ၊ ဒါကို တန်းသွားရင် ဘယ်လိုလုပ်မှာလဲ၊ ထိန်းထားနိုင်ရင် ဘယ်လိုလုပ်မှာလဲ ဆိုတာကို အခုအချိန်မှာ စတင်ပြီး ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ဒီဆေးရုံကြီးတွေရဲ့ အနေ အထားကိုလည်း ဒီလိုပြောင်း လဲတဲ့အခါမှာ ဖြစ်လာမယ့်၊ အခုလည်း တိုးတက်များပြားလာနေတဲ့ ပြင်းထန်ရောဂါ လက္ခဏာရှိတဲ့သူတွေ ဒါမှမဟုတ် အတော်အသင့်ရောဂါ လက္ခဏာရှိတဲ့သူတွေကို ကုသနိုင်ဖို့အတွက်၊ အထူးသဖြင့် ဒီအောက်ဆီဂျင်ပေါ့နော်။ အောက်ဆီဂျင်ကို ပြည့်ပြည့်ဝဝ ရရှိအောင်ပေးနိုင်ဖို့အတွက်လည်း ယခုအချိန်မှာ စီမံကိန်း၊ စီမံချက်တွေနဲ့ စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။ ဒီကိစ္စကို အဓိကအရေးပေါ်လုပ်ငန်းအနေနဲ့ ထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒါတွေဟာ လက်ရှိ လောလောဆယ် ကိုဗစ်နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ကြိုးစားနေတဲ့၊ ဒီတိုက်ပွဲမှာ တိုက်ခိုက်နေတဲ့ နည်းဗျူဟာတွေ၊ စနစ်တွေ ဖြစ်ပါတယ်။
မနေ့က ရန်ကုန်ဆေးရုံကြီးနဲ့ ပတ်သက်ရင် တကယ်တော့ ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေ အလွန် များလာတယ်။ ကျဉ်းကျပ်လာတယ်။ တကယ်တော့ တော်တော်လေးကို ဒါလူနာတွေအတွက်လည်း အခြေ အနေအရ နေရထိုင်ရခက်တဲ့ အနေအထားဖြစ်ပါတယ်။ ဒါတွေကိုလည်း မနေ့က အရေးပေါ် စီစဉ်ဆောင်ရွက်ပြီး တော့ အသက်သာဆုံးဖြစ်အောင် ဆောင်ရွက်ပါတယ်။
အစွမ်းကုန်ဆောင်ရွက်
အခုဒီနေ့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အခုအစည်းအဝေးလုပ်ဖို့ လုပ်နေပါတယ်။ ရန်ကုန် ဆေးရုံကြီးနဲ့ အခုလို ဆေးရုံကြီးတွေ အတွက် အရေးပေါ် ပြုပြင်ပြောင်းလဲပြီးတော့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် ဒီအစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ထွက်လာမယ့် Output တွေနဲ့ ဆွေးနွေးဆုံးဖြတ်ချက်တွေနဲ့ ပိုမိုကောင်းမွန်အောင် အစွမ်းကုန်ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ထက်လျှံ