Skip to main content

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ တောင်လေးလုံး ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး စစ်ဆေးဂိတ်တွင် ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်

တောင်ကြီး   အောက်တိုဘာ  ၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်(၉)နာရီခွဲအချိန်က တောင်ကြီးမြို့နယ် တောင်လေးလုံး၊ ခေါင်တိုင်လမ်းခွဲတွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကျန်းမာရေးစစ်ဆေးဂိတ်တွင် တာဝန်ကျထမ်းဆောင်နေသော ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ Volunteer အဖွဲ့များအား ထောက်ပံ့ငွေကျပ်(၁၀)သိန်း ပေးအပ်ရာ တောင်ကြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)