Skip to main content

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ကျိုက်လတ်မြို့နယ်၊ ပတုတ်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၃

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုတ်လတ်မြို့နယ်၊ ပတုတ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၅၀ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၅၃ ဦး၊ ခွဲစိတ်ရောဂါ ၁၇ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၉ ဦး၊ ကလေးရောဂါ ၃၁ ဦး၊ အရိုးရောဂါ ၆၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၁ ဦး၊ မျက်စိရောဂါ ၈၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၃ ဦးတို့ကိုလိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၁၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၉၄ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၁ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရပါသည်။

၁။ ပေါင်၊ လည်ပင်းနဲ့ ရင်ဘတ်ထဲ စူးအောင့်လို့လာပြတာပါ။ ဒီမှာတော်တော်ကောင်းတယ်ဆိုလို့ လာပြတာလည်းဖြစ်ပါတယ်။ ဘယ်လိုမျိုးခံစားရတာလဲဆိုတော့ တစ်ခါတစ်ခါပူတယ်။ နောက်တော့လည်း ပျောက်သွားလိုက်ပေါ့။ ဘဲဥ၊ ကြက်ဥညှော်နံ့ခံလို့မရဘူး။ ဘဲဥ၊ ကြက်ဥညှော်နံ့ခံလိုက်တာနဲ့ တစ်ခါတည်းတင်းပြီး နာလာတာပဲ။ ကောင်းသွားတာ နှစ်နှစ်လောက်ရှိသွားတာကနေ အခုမှပြန်ဖြစ်လာတာကြောင့် လာပြတာပါ။ အခုလို တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့လာပြီး ကုသပေးတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။

၂။ ချောင်းဆိုးလို့လာပြတာပါ။ ချောင်းဆိုးတဲ့အခါ သလိပ်ထုတ်ဖို့ကို တအားဆိုးရတာ။ လည်ချောင်းတွေယားတယ်။ အဲဒါကြောင့်လာပြတာပါ။ အခုလို တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့တွေ လာရောက်ကုပေးတော့ ငွေကြေးခက်ခဲတဲ့သူတွေအတွက် ပိုပြီးအဆင်ပြေတာပေါ့။ ဆေးရုံဆေးခန်းသွားပြဖို့ဆိုတာ ခက်ခဲတယ်လေ။ အခုလို လာရောက်ကုသပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

သတင်းစဉ်