နေပြည်တော် ဇန်နဝါရီ ၁၅
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ကျင်းပရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းသားကျောင်းသူများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ထူးချွန်ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား ဆုများကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လုပ်သက်အရပင်စင်ယူသော်လည်း နိုင်ငံ့တာဝန်များကို ပညာသင်နှစ်တစ်နှစ်ပြီးဆုံးအောင် ဆက်လက်သင်ကြားပေးလျက်ရှိသော ဆရာမနှစ်ဦးနှင့် ပြည်နယ်အဆင့် လူမှုထူးချွန်ဆုရရှိသော ဆရာမတစ်ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ကာကျောင်းသားကျောင်းသူများ၏ သီဆို၊ ကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်