Skip to main content

ချမ်းအေးသာစံမြို့နယ်၌ ငွေကျပ်သိန်း ၅၇၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြားနှစ်သိန်း ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၁

ချမ်းအေးသာစံမြို့နယ်၌ ငွေကျပ်သိန်း ၅၇၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြားနှစ်သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၇ ရက် ညနေ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်၊ ၃၅ လမ်းနှင့် ၅၅ လမ်းထောင့်တွင် ဟိန်းသူအောင် မောင်းနှင်ပြီး သန်းဇော်ငြိမ်း လိုက်ပါလာသည့် HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၂ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၃ နာရီခွဲအချိန် ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်၊ ၅၄(A)လမ်း x ၃၂(A)လမ်းထောင့်ရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ သိန်းနိုင်ဦး၏ နေအိမ်မှ ဘိန်းဖြူ ၈ ဒသမ ၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြားနှစ်သိန်း ဆက်လက် သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၇၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြားနှစ်သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။  

သတင်းစဉ်