Skip to main content

နိုင်ငံ​​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌ နိုင်ငံ​​တော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံ​​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညို​စော မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် တည်ထောင်ခြင်း (၁၁၅) နှစ်​ပြည့် အထိမ်းအမှတ်ညစာစားပွဲ တက်​ရောက်

ရန်ကုန် ဒီဇင်ဘာ ၁၆

မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်တည်​​ထောင်ခြင်း (၁၁၅) နှစ်ပြည့် အထိမ်းအမှတ်ညစာစားပွဲအခမ်းအနားကို ယ​နေ့ည​နေပိုင်းတွင် ရန်ကုန်မြို့လှိုင်မြို့နယ် ကမ္ဘာအေးစေတီလမ်း LOTTE ဟိုတယ်၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌ နိုင်ငံ​​တော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံ​​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ဝင်ဗိုလ်ချုပ်ကြီးညို​စော၊ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ဦးမောင်​မောင်အုန်း၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ရန်ကုန်တိုင်း​ဒေသကြီဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာ့စီးပွား​ရေးဦးပိုင် အများနှင့်သက်ဆိုင်​သောကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါ​မောင်၊ တိုင်း​ဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Ma Jia၊ တရုတ်​ကောင်စစ်ဝန်ချုပ်၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌဦးအိုင်ထွန်း၊ အကြီးတန်း ဒုတိယဥက္ကဋ္ဌများနှင့် နာယကများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်​ရောက်ကြသည်။

ဦးစွာ တက်​ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်၏ သမိုင်းကြောင်းမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညို​စောနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တက်​ရောက်လာသူများနှင့် မြန်မာနိုင်ငံတရုတ်ကုန်သည်များ အသင်းချုပ်ဥက္ကဋ္ဌ၊ အကြီးတန်းဒုတိယဥက္ကဋ္ဌများ၊ နာယကများက စု​ပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့​နောက် ပြည်​​​ထောင်စုသမ္မတ မြန်မာနိုင်ငံသီချင်းဖြင့် အခမ်းအနားကို ဂုဏ်ပြုဖွင့်လှစ်သည်။

ယင်း​​နောက် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်၏ သမိုင်း​ကြောင်းဗီဒီယိုကိုကြည့်ရှုကြသည်။

ထို့​နောက် နိုင်ငံတော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌ နိုင်ငံ​တော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံ​​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညို​စောက နှုတ်ခွန်းဆက်စကား​ ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက နှုတ်ခွန်းဆက်စကား​ပြောကြားသည်။

ယင်း​နောက် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တက်​ရောက်လာကြသည့်ဧည့်သည်​​တော်များအား ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံသည်။

ပေးအပ်လှူဒါန်း

ထို့​နောက် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌက လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာနနှင့် ကျန်းမာ​ရေးဝန်ကြီးဌာနအောက်ရှိ ရန်ကုန်ပြည်သူ့​ဆေးရုံကြီး၊ ရန်ကုန်က​လေး​ဆေးရုံကြီး၊ ​ဝေဘာဂီအထူးကု​ဆေးရုံကြီးတို့အတွက် အလှူ​ငွေများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများကလက်ခံကြသည်။

ယင်း​နောက် နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညို​စော၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌတို့က အမှတ်တရကိတ်မုန့်ကို လှီးဖြတ်ပေးခဲ့ကြသည်။

ညစာစားပွဲတွင် မြန်မာ-တရုတ် ​ချစ်ကြည်​ရေးတေးသီချင်းများ၊ ယိမ်းအကများဖြင့် ​ဖျော်​ဖြေတင်ဆက်ခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်