နေပြည်တော် ဒီဇင်ဘာ ၁၄
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားများကို ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာ အားကစားကွင်းနှင့် အားကစားရုံများ၌ ကျင်းပသည်။
ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ
ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ ပွဲစဉ်များကို မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လူမှုရေးရာဝန်ကြီးများ၊ သယံဇာတရေးရာဝန်ကြီးနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ကာယဗလပြိုင်ပွဲ
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းက အမျိုးသား အသက် (၂၁) နှစ်အောက် ကာယဗလပြိုင်ပွဲတွင် ပထမဆုရရှိသည့်ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက အမျိုးသား (၅၅) ကီလိုအထိ ကာယဗလပြိုင်ပွဲတွင် ပထမဆုရရှိသည့် မွန်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က အမျိုးသား (၆၀) ကီလိုအထိ ကာယဗလပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က အမျိုးသား (၆၅) ကီလိုအထိ ကာယဗလပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရခိုင်ပြည်နယ်နှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစား ပွဲတော်အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးထိန်လင်းက အမျိုးသား (၁၇၀) စင်တီမီတာအထိ ကာယကြံ့ခိုင်မှု Athletic Physique ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အမျိုးသမီး Athletic Physique ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက အမျိုးသား Fitness Physique ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အမျိုးသား (၁၇၀) စင်တီမီတာအထက် ကာယကြံ့ခိုင်မှု Athletic Physique ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကို ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် အရုပ်များအား ပေးအပ်ချီးမြှင့်သည်။
ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ
အလားတူ ဝန်ကြီးဌာနအဆင့် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်က အမျိုးသားမီတာ (၁၅၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဒေါ်ခင်မျိုးမြင့်က အမျိုးသမီး မီတာ (၁၅၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က အမျိုးသမီးသုံးဆင့်ခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။
အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ
ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက အမျိုးသမီး လှံတံပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမျိုးသား (၂၀) ကီလို မီတာလမ်းလျှောက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမျိုးသမီး (၂၀) ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမျိုးသမီးမီတာ (၄၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသား မီတာ (၄၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယ ဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းက အမျိုးသမီးမီတာ (၁၁၀) တန်းကျော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားသုံးဆင့်ခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆု တံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။
ထို့အတူ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ရေကူးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိရေကူးကန်၌ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးဉာဏ်ထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစန်းဝင်းဇော်က အမျိုးသမီးမီတာ (၂၀၀) အလွတ်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးချိုမောင်က အမျိုးသားမီတာ (၂၀၀) အလွတ်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတောက်ထွန်းက အမျိုးသမီးမီတာ (၅၀) ပက်လက်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားမီတာ (၅၀) ပက်လက်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အမျိုးသမီးမီတာ (၅၀) ရင်ပေါင်တန်းကူးပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားမီတာ (၅၀) ရင်ပေါင်တန်းကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က အမျိုးသမီးမီတာ (၅၀) လိပ်ပြာကူး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားမီတာ (၅၀) လိပ်ပြာကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးဉာဏ်ထွန်းက အမျိုးသမီး မီတာ (၅၀) အလွတ်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားမီတာ (၅၀) အလွတ်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အမျိုးသမီးမီတာ (၅၀ x ၄) လွန်းပြန်အလွတ်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားမီတာ (၅၀ x ၄) လွန်းပြန် အလွတ်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။
အလားတူ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို TC-1 - တိုက်ကွမ်ဒိုရုံ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အမျိုးသမီး (-၄၆) ကီလို အတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အမျိုးသမီး (၄၆ - ၅၁) ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အမျိုးသမီး (၅၁-၅၆) ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းက အမျိုးသား(-၅၄) ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမျိုးသား (၅၄-၅၈) ကီလို အတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က အမျိုးသမီး (၅၆-၆၂) ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ရခိုင်ပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် ကချင်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က အမျိုးသား(၅၈-၆၃) ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကယားပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသား(၆၃-၆၈) ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် ကယားပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမျိုးသား (၆၈-၇၄) ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရခိုင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပူးတွဲတတိယဆု ရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်း ကောင်း၊ အမျိုးသား (၇၄) ကီလိုအထက် အတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။
ထို့အတူ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ခရစ်ကတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိမြားပစ်ကွင်း (၁) ၌ကျင်းပရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းက အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် ကရင်ပြည်နယ် အသင်းမှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပူးတွဲတတိယဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းမှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ပြိုင်ပွဲဝင်များကို လည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အမျိုးသားခရစ်ကတ် ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ပြိုင်ပွဲ ဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ပူးတွဲတတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်းမှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦးက ဒုတိယဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းမှ ပြိုင်ပွဲဝင်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပထမဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။
အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ဗိုဗီနမ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ပြည်ထောင်စုနယ်မြေ ရွှေကြာပင်အားကစားရုံ၌ကျင်းပရာ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်ခင်လေးမွန်က အမျိုးသမီးတစ် ကိုယ်တော်ဓားတစ်လက်အပြ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရခိုင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်က အမျိုးသား၊ အမျိုးသမီးအတွဲလိုက် လက်နက်ပါအပြ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အမျိုးသား၊ အမျိုးသမီး အတွဲလိုက်လက်နက်ကာကွယ် နည်းအပြပြိုင်ပွဲတွင် ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲ ဓားရှည်အပြပြိုင်ပွဲတွင် ပထမဆုရရှိ သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အမျိုးသားလေးယောက်တွဲ လက်နက်မဲ့အပြပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကရင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသား (၅၀-၅၅) ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က အမျိုးသမီး (၅၅-၆၀) ကီလိုတန်းအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသမီး (၆၀-၆၅) ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်၊ ပူးတွဲတတိယဆု ရရှိသည့် မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြု ဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။
သတင်းစဉ်