နေပြည်တော် ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဒီဇင်ဘာအားကစားလ၊ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ကျိုင်းတုံမြို့ ကျောက်တိုင်အဝိုင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား ၁၂၅၂ ဦးခန့်သည် ကျိုင်းတုံမြို့ ကျောက်တိုင်အဝိုင်းမှ ကျိုင်းတုံ-တောင်ကြီး လမ်းအတိုင်း နောင်တုံကန်ပတ်၍ မဟာမြတ်မုနိဘုရားအဝိုင်းမှ ကျိုင်းတုံမြို့နယ် အားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ကြသည်။
ထို့နောက် ကျိုင်းတုံမြို့နယ်အားကစားကွင်းတွင် စုပေါင်းကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ကြပြီး စုပေါင်းလမ်းလျှောက်ပွဲအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။