Skip to main content

မိုးဗြဲမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးဗြဲမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်းတစ်ခုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ရေးသားဖြန့်ဝေလျက်ရှိသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိုးဗြဲမြို့နယ်အတွင်း ပြည်သူများ အေးချမ်းစွာ လုပ်ကိုင်နေထိုင်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် ရပ်ကွက်/ကျေးရွာများသို့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ရပ်ကွက်/ကျေးရွာများအား အကြောက်တရားလွှမ်းမိုးစေရန် လက်နက်ကြီးများ၊ ဒရုန်းများအသုံးပြု၍ နှောင့်ယှက်ပစ်ခတ်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်သည် အကြမ်းဖက်သမားများ၏လုပ်ရပ်အပေါ် ဖုံးကွယ်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။