ရန်ကုန် စက်တင်ဘာ ၂၃
အိန္ဒိယနိုင်ငံ Zydus Cadila ဆေးကုမ္ပဏီမှ ထုတ်လုပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကုသရေးတွင် အသုံးပြုသည့် Remdesivir ထိုးဆေးများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းပွဲကို စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး၌ ပြုလုပ်သည်။
ထိုးဆေးများ ပေးအပ် လှူဒါန်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်) ကူမားက ဆေးသုတေ သနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း ထံ Remdesivir ထိုးဆေးများ ပေးအပ်လှူဒါန်းသည်။ (ယာပုံ)
• ဒီဆေးက အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တာပါ။ လက်ရှိ အိန္ဒိယမှာလည်း ကိုဗစ်-၁၉ ရောဂါ ကုသရာမှာ အသုံးပြုနေပါပြီ။ ဒီဆေးက ကိုဗစ်-၁၉ ရောဂါ ပြင်းထန်စွာ ခံစားနေရ တဲ့ လူနာတွေနဲ့ ရောဂါအသင့်အတင့် ပြင်းထန်တဲ့ လူနာတွေ ကို ကုသတဲ့နေရာမှာ သုံးတာပါ” ဟု ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်း ထွန်း က ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမား က “ အခုမြန်မာနိုင်ငံကို လှူဒါန်းတဲ့ ဆေးက အိန္ဒိယနိုင်ငံမှာရှိတဲ့ ဆေးဝါးဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေနဲ့ အတည်ပြုပြီး ကိုဗစ်-၁၉ ပြင်းထန်စွာ ခံစားနေရတဲ့ လူနာတွေကိုကုသဖို့ အိန္ဒိယမှာ ကျယ်ပြန့်စွာ အသုံးပြုနေပါတယ်။ ဒီလှူဒါန်းမှုက မြန်မာနိုင်ငံမှာ တည်ထောင်ဖွင့်လှစ်ထားတဲ့ Zydus အုပ်စုရဲ့ ကုမ္ပဏီခွဲ Alidac Healthcare Myanmar Ltd m 9314:68: ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အိန္ဒိယ နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၉၀၀,၀၀၀ တန်ဖိုးရှိသော ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ၊ ဆေးဝါးများနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကိုလည်း အလားတူရည်ရွယ်ချက်ဖြင့် ၂၀၂၀ ပြည့်နှစ် မေ ၆ ရက်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ သိရသည်။
မင်းသစ်(MNA)/ဓာတ်ပုံ-ကြည်ခိုင်ဦး