Skip to main content

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစီအစဉ်ပထမပိုင်းတွင် စာအုပ်လှူဒါန်းပွဲပြုလုပ်ရာ ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး အလှူရှင်များက စာအုပ်များလှူဒါန်းရခြင်း အကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက်အလှူရှင်များက စာအုပ်များပေးအပ်လှူဒါန်းရာ ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားသည်။

ယနေ့လှူဒါန်းမှုတွင် ဗိုလ်သင်တန်းအမှတ်စဉ် (၂၉) က ရွှေရတုမော်ကွန်း(၁၉၆၄-၂၀၁၄) စာအုပ်အုပ်ရေ ၆၀ (တန်ဖိုး ငွေကျပ် ၁၈၀၀၀၀)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း (ဗဟို) က (၂၅) နှစ်မြောက် ငွေရတုမဂ္ဂဇင်း (၁၉၉၄-၂၀၁၉) အုပ်ရေ ၂၀၀ (တန်ဖိုးငွေကျပ် ၈၀၀၀၀၀)၊ စာအုပ်ပေါင်း ၂၆၀ (တန်ဖိုးငွေကျပ် ၉၈၀၀၀၀) ဖြစ်ပြီး ဒုတိယပိုင်းအစီအစဉ်အဖြစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးပြုလုပ်ရာ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်