နေပြည်တော် နိုဝင်ဘာ ၁၉
အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးဇော်ဦးသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်၌ အိန္ဒိယသမ္မတနိုင်ငံ သမ္မတရှရီမတီ ဒရောပါဒီမာမူထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။
သတင်းစဉ်