Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ အရာထမ်းလောင်း (အထူး)သင်တန်းဖွင့်လှစ်

နေပြည်တော် နိုဝင်ဘာ ၁၈

အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ် (၁၄) ၏ သင်တန်းဖွင့်ပွဲကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ရှိ ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က သင်တန်း၌ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်ရှိ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများက ခေတ်စနစ်နှင့် လျော်ညီပြီး လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အသုံးဝင်သည့် သက်ဆိုင်ရာဘာသာရပ်များကို ပို့ချဆွေးနွေးပေးကြမည်ဖြစ်သည့်အတွက် လုပ်ငန်းခွင်ထဲမရောက်မီ ကြိုတင်လေ့လာပြီး မိမိတို့၏ အရည်အသွေးမြင့်မားထက်မြက်စေရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ သင်ခန်းစာများကို အာရုံစူးစိုက်မှတ်သားလေ့လာကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် သင်တန်းသား သင်တန်းသူများသည် မျိုးဆက်သစ်လူငယ်များဖြစ်သည့်အတွက် လျင်မြန်စွာ ပြောင်းလဲတိုးတက်နေသည့် ယနေ့ခေတ်နှင့်အညီ အတွေးအခေါ်၊ အယူအဆများသည် အမြဲဆန်းသစ်နေအောင် ကြိုးစားလေ့လာကြစေလိုကြောင်း ပြောကြားသည်။

အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၄)သို့ သင်တန်းသား ၆၆ ဦး နှင့် သင်တန်းသူ ၅၀ စုစုပေါင်း ၁၁၆ ဦး တက်ရောက်ကြပြီး သင်တန်းကို ၂၀၂၅ ခုနှစ် မတ် ၁၂ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်