Skip to main content

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာလင်းထွဋ် ကျောက်မဲ ခရိုင်/မြို့နယ် Covid-19ကော်မတီ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် တွေ့ဆုံ

ကျောက်မဲ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ခရိုင်/မြို့နယ် Covid-19ကော်မတီ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့နှင့် ယမန်နေ့ မွန်းလွဲ()နာရီက ကျောက်မဲမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံကြောင်း သိရသည်။

ထို့သို့တွေ့ဆုံရာတွင်ကျောက်မဲခရိုင် ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးထွန်းဝင်းမှ မဲရုံနှင့် မဲစာရင်းများ၊ မဲဆွယ်စည်းရုံးရေးကာလနှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်တွင် ခရိုင်/မြို့နယ် အဖွဲ့များဖြစ်သည့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီး ဌာန တို့မှ ကြီးကြပ်ထောက်ပံ့မှုဖြင့် ဆောင်ရွက်နေကြောင်း ရှင်းလင်းပြီး မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းမှ Covid-19 ကူးစက်မြန်ရောဂါကြိုတင် ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ကျန်းမာရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်မှု အခြေအနေ၊ ကျန်းမာရေးအသိပညာပေးခြင်း နှင့်စစ်ဆေးမှုအခြေအနေ ၊ Facility Quarantine ဖွင့်လှစ်ထားမှုအခြေအနေ၊ နိုင်ငံရေးပါတီအခြေအနေ၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကျောက်မဲမြို့နယ်၏ မဲဆန္ဒနယ်မြေအလိုက် မဲဆန္ဒရှင်စာရင်းတို့ကို ရှင်းလင်းတင်ပြကြ ကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာလင်းထွဋ်မှ မြိူ့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်း mask(၂၅၀၀)ခု၊ ကျောက်မဲခရိုင်အတွင်း ရှိ အသက် (၈၀နှင့်၈၅)နှစ်ကြား ဘိုးဘွား(၂၁၈၄) ဦး အတွက် ထောက်ပံ့ ငွေ ကျပ်(၆၅၅၂၀၀၀၀)သိန်း တို့ကို ပေးအပ်ရာ မြို့နယ် Covid-19ကော်မတီ ဥက္ကဋ္ဌနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတိူ့မှ လည်းကောင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ ထပ်တိုးမသန်စွမ်းသူများအား ထောက်ပံ့ငွေကျပ်သိန်း(၈၁၀၀၀၀) တို့ကို ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင် မှ ပေးအပ်ပေးရာ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လည်းကောင်း အသီးသီးလက်ခံ ရယူကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် က နိဂုံးချုပ်အမှာစကား ပြောကြားရာ Covid-19ကော်မတီအဖွဲ့များကို ထောက်ပံ့ငွေများ၊ဆေးပစ္စည်း များလာရောက်ထောက်ပံ့ရခြင်း ဖြစ်ပါကြောင်း၊ ကော်မရှင်အဖွဲ့အသီးသီး ကိုလည်းသွားရောက်အားပေးစကား ပြောကြားခဲ့ပါကြောင်း၊ ပြည်သူများအနေဖြင့် မဲဆန္ဒရှင်များ မိမိကြိုက်နှစ်သက်ရာပါတီများအား မဲပေးနိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးကြရန်နှင့် မဲပေးသည့်နေရာတွင်လည်း Covid-19 ရောဂါကာကွယ်ရေးအနေဖြင့် တစ်ဦးနှင့်တစ်ဦး ()ပေကွာစီ ခြားထားကြရန်၊၊ mask တပ်ကြရန် ၊ လက်ကိုစနစ်တကျဆေးကြောကြရန် စသဖြင့် ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းတွင် ချယ်ရီပင်များ စိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)