Skip to main content

“လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုရရှိသူများစာရင်း ထုတ်ပြန်

နေပြည်တော် နိုဝင်ဘာ ၇

၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဩဂုတ် ၂၆ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ဖိတ်ခေါ်ခဲ့သည်။

ပြိုင်ပွဲတွင် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားရိုးရာအလှအပများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ထင်ရှားသည့်အမှတ် သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည့်လွတ်လပ်ရေး၏ အနှစ် သာရကို ဖော်ကျူးရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါဓာတ်ပုံပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ၁၆၃ ဦးက ဓာတ်ပုံပေါင်း ၅၉၉ ပုံကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နိုဝင်ဘာ ၆ ရက်တွင် ဓာတ်ပုံပညာရှင်များက ဆုများစိစစ်ရွေးချယ်ခဲ့ရာ ပထမဆု ဦးမျိုးမင်းထိုက်(The Eagle)၊ ဒုတိယဆု ဦးဇာနည်ကိုကို၊ တတိယဆု ဦးချမ်းသာ (MDY) တို့က ရရှိကြသည်။

ထို့ပြင် အထူးဆုများအဖြစ် အထူးဆု-၁ ဦးချမ်းသာ(MDY)၊ အထူး ဆု-၂ ဦးစည်သူအောင် (နန်းတော်ရှေ့)၊ အထူးဆု-၃ ဦးကျော်နိုင်လင်း (လရိပ်ပြာ)၊ အထူးဆု-၄ ဦးချမ်းသာ(MDY)နှင့် အထူးဆု-၅ ဦးချမ်းသာ (မိတ္ထီလာ) တို့က ဆုများရရှိခဲ့ကြသည်။ ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆုများထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ဆုပေးပွဲကျင်းပမည့်ရက်အား ထပ်မံအသိပေး အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်