Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက်မိတ်ဆက်ပွဲနှင့် ဆွေးနွေးပွဲသို့တက်ရောက်ရန် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ထွက်ခွာ

နေပြည်တော် အောက်တိုဘာ ၂၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အောက်တိုဘာ ၂၉ ရက်တွင်ကျင်းပမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက် မိတ်ဆက်ပွဲနှင့် ဆွေးနွေးပွဲသို့တက်ရောက်ရန် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

သတင်းစဉ်