နေပြည်တော် အောက်တိုဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာကို အောက်တိုဘာလ ၄ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ရွှေ၊ ငွေနှင့် ဆိုင်ကယ်များကို ခိုးယူလုယက်ကြောင်း၊ အမျိုးသမီးများ၊ ကလေးများနှင့် ရွာသားအများအပြားကိုလည်း ဖမ်းဆီးသွားကြောင်း ရွှေ၊ ငွေ အပါအဝင် အဖိုးတန်ပစ္စည်းများ၊ ဆိုင်ကယ်များကိုလုယက်ကာ ဒေသခံပြည်သူများကိုဖမ်းဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတုသတင်းမှားများဖြင့် မဟုတ်မမှန်စွပ်စွဲရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းများနှင့်ပတ်သက်၍ ၎င်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တာဝန်ရှိသူများ၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူလူထုအပေါ် အနိုင်ကျင့်နှိပ်စက်သည့် လုပ်ရပ်များအား ပြုလုပ်ခြင်းမရှိကြောင်း၊ ၎င်းနယ်မြေများအတွင်း စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများကို တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ခြင်းမရှိကြောင်း၊ တပ်မတော်နှင့် ပြည်သူအကြမ်းဖက်မှုနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်နေသည်ကို မနာလိုမရှုဆိတ်သည့် အကြမ်းဖက်သမားများနှင့် ၎င်းတို့၏ လက်ဝေခံတရားမဝင်ပြည်ဖျက်မီဒီယာများ၏ စွပ်စွဲပြောဆိုရေးသားနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေမည့် သတင်းအမှားများဖြန့်ဝေခြင်းနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချသည့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။