Skip to main content

ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် အလှူရှင်များက အလှူငွေများလှူဒါန်း

နေပြည်တော် စက်တင်ဘာ ၂၆

ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်

အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနက ငွေကျပ် ၆၀၃၀၀၀၀ ၊ Royal Shambella Co.,Ltd. က ငွေကျပ်သိန်း ၁၀၀ စုစုပေါင်း ငွေကျပ် ၁၆၀၃၀၀၀၀ ပေးအပ်လှူဒါန်းခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်