Skip to main content

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

နေပြည်တော် စက်တင်ဘာ ၂၄

၂၀၂၄ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကစားကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအသင်းက သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအသင်းက မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိကြသည်။

အဆိုပါပြိုင်ပွဲကို ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စေရန်၊ စည်းလုံးညီညွတ်စေရန်၊ အားကစားစိတ်ဓာတ်ဖြင့် သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်နိုင်စေရန်နှင့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာ ၂၅ ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအသင်းတို့ကလည်းကောင်း၊ တတိယနေရာလုပွဲကို မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်းနှင့် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအသင်းတို့ကလည်းကောင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်