ကလော စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ရေဘေးသင့်ပြည်သူများအား မရှိခဏဆရာတော်ဦးဆောင်၍ ခိုင်နှင်းဝေပရဟိတဖောင်ဒေးရှင်းမှ ယမန်နေ့နံနက် ၁၀ နာရီက ကလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မရှိခဏဆရာတော်ကို ဩကာသဖြင့် ရှိခိုးကန်တော့ခဲ့ကြပြီး ဆရာတော်က တရားတော်များ ဟောကြားခဲ့သည်။ ထို့နောက် ခိုင်နှင်းဝေပရဟိတဖောင်ဒေးရှင်းမှ နေ့လယ်စာထမင်းကို လူ (၃၀၀)ဦးအတွက် ဧည့်ခံကျွေးမွေးခဲ့ပြီး ကလောမြို့ ရေဘေးသင့်ပြည်သူ ပြိုကျ၊ ပျက်စီး၊ ထိခိုက်သည့် အိမ်ခြေ (၁၅၅)အိမ်အနက် အခမ်းအနားတက်ရောက်လာသည့် အိမ်ခြေ (၁၂၃)အိမ်အတွက် တစ်အိမ်လျှင် ငွေကျပ် (၃၀) သိန်းနှင့် စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဒန်အိုး၊ ဒယ်အိုး၊ အဝတ်အစားနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်လှူဒါန်းပေးခဲ့ပြီး ကလောမြို့နယ် ရေဘေးကယ်တယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကွပ်ကဲမှုရုံးတွင်လည်း ရေဘေးသင့်ပြည်သူများအတွက် လူသုံးကုန်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ထပ်မံလှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)