Skip to main content

ဘားအံ၌ မိုဘိုင်းဖုန်းအသုံးပြုခြင်းအကြောင်း သိကောင်းစရာဆွေးနွေးပွဲကျင်းပ

ဘားအံ  ဇန်နဝါရီ  ၂၀

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ဦးဆောင်ကျင်းပသည့် မိုးဘိုင်းဖုန်းအသုံးပြုသူများအတွက် မိုးဘိုင်းဖုန်းအသုံးပြုခြင်းအကြောင်း သိကောင်းစရာ (Mobile Seminar) ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးခွန်မျိုးတင့် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်မန်နေဂျာ ဦးကိုကိုအောင်က နှုတ်ခွန်းဆက်စကား ပြောကြားကာ ရန်ကုန်မြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Cyber Care ဌာနမှ ဒေါ်လွင်လွင်မိုးနှင့် တာဝန်ရှိသူများက မိုဘိုင်းဖုန်းအသုံးပြုခြင်းဆိုင်ရာ အသိပညာများကို ဆွေးနွေးပွဲသို့ တက်ရောက်လာများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊  ပြည်နယ်စာရင်းစစ်ချုပ် ဦးစောလှထွန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘားအံမြို့ရှိ တက္ကသိုလ်/ကောလိပ်နှင့် သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ/မများ၊ ဘားအံမြို့ပေါ် ရပ်ကွက်များမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)