Skip to main content

(၅၁)နှစ်မြောက် ရွှေသွေးဂျာနယ်အထူးထုတ် (၂၀၂၀)ထွက်ရှိ

ရန်ကုန် စက်တင်ဘာ ၁၇

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးသည် အသက် ၁၂ အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို ၁၉၆၉ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ စတင်ထုတ်ဝေ ဖြန့်ချိခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်တွင် (၅၁)နှစ် ပြည့်ခဲ့ပြီဖြစ် T၍ (၅၁)နှစ်မြောက်ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၀)ကို ထုတ်ဝေ ဖြန့်ချိလိုက်သည်။

(၅၁)နှစ်မြောက် ရွှေသွေးဂျာနယ်အထူးထုတ် (၂၀၂၀)တွင် ကဗျာ၊ ပုံပြင်၊ ဝတ္ထု၊ သုတဆောင်းပါး၊ ဉာဏ်စမ်း ကဏ္ဍများနှင့် ကာတွန်းဇာတ်လမ်းတို့ပါဝင်ပြီး သုတရသစုံလင်စွာ တင်ဆက်ထား သည်။ ကဗျာနှစ်သက် သူ ကလေးသူငယ်များအတွက် အကြောင်းအရာမျိုးစုံကို သီကုံးဖွဲ့နွဲ့ထားသည့် ကဗျာ(၁၄)ပုဒ် ထည့်သွင်းဖော်ပြ ထားသည်။ ထို့ပြင် ကလေးများအတွက် သုတ၊ ရသများကို ဖော်ကျူးပေးထားသည့် ပုံပြင်(၅)ပုဒ်၊ ကလေးဝတ္ထု ဇာတ်လမ်း (၆)ပုဒ်၊ သုတဆောင်းပါး(၃)ပုဒ်တို့နှင့် အတူကလေးများ၏ စိတ်ကူးဉာဏ်ကို ကွန့်မြူးစေမည့် ဉာဏ်စမ်း ကဏ္ဍတို့လည်း ပါဝင်သည်။

ကာတွန်းကဏ္ဍတွင် ကာတွန်း ဆရာကြီးများ ဖြစ်ကြသော ကာတွန်းရွှေမင်းသား၊ ကာတွန်း တင်အောင်နီ၊ ကာတွန်းမြေဇာ၊ ကာတွန်း သစ်ထွဏ်း၊ ကာတွန်းမောင်မောင်လေး၊ ကာတွန်း ကိုရွှေထူး(ပြည်)၊ ကာတွန်း ကျော်ထွဏ်း၊ ကာတွန်း မောင်ရွှေဝင်း၊ ကာတွန်း စမ်းချောင်း ကိုကိုအောင်၊ ကာတွန်း ဝင်းဖေ(အဖျောက်)၊ ကာတွန်း အောင်အောင်ထွေး၊ ကာတွန်း စိုးဇော်၊ ကာတွန်း စိုးစံ၊ ကာတွန်း ဆန်းလင်း၊ ကာတွန်း ဇော်ဝိတ်၊ ကာတွန်း အီကွေတာ၊ ကာတွန်း မင်းကောင်းကို၊ ကာတွန်း ရွှေရိုး၊ ကာတွန်း ဒစ်ဂျစ်တယ်။ ကာတွန်း မောင်ဗချီ၊ ကာတွန်း ထွန်းထွန်းဝင်း (ရန်ကုန်တက္ကသိုလ်)၊ ကာတွန်း ဝင်းမြင့်အောင် ကာတွန်း သီဟ (စခန်းသစ်)၊ ကာတွန်း သန့်စင်၊ ကာတွန်း ကျော်တင်မြင့်သစ်၊ ကာတွန်း အောက် တိုဘာအောင်ကြီး၊ ကာတွန်း သာဦး၊ ကာတွန်း MGU၊ ကာတွန်း ကိုသင်း၊ ကာတွန်း ကိုသက်ကြည်၊ ကာတွန်း သိက္ခာ၊ ကာတွန်း ထွဏ်းဦး (စစ်ကိုင်း)၊ ကာတွန်း ဆွေချစ်၊ ကာတွန်း ဝင်းသဉ္စာမျိုး၊ ကာတွန်း မောင်မောင်ညှက်၊ ကာတွန်း သူရ၊ ကာတွန်း ကိုကောင်း၊ ကာတွန်း ပြုံးချို၊ ကာတွန်း ပေါ်လွင်  ကျော်၊ ကာတွန်း ဇက်တီနှင့် ကာတွန်း  မောင်တင်ယုတို့၏ လက်ရာများကို စုံလင်စွာ ဖတ်ရှု ခံစားနိုင်မည်ဖြစ်သည်။

ထိုကဲ့သို့ နာမည်ကျော် ကာတွန်းလက်ရာကျော် ဆရာများ၏ လက်ရာကောင်း လက်ရာမွန် များကို တစုတစည်းတည်း ဖတ်ရှုနိုင်မည်ဖြစ် သည့်အပြင် အခြားစိတ်ဝင်စားဖွယ် ဝတ္ထု၊ ပုံပြင်၊ ကဗျာများကိုလည်း ဖတ်ရှုနိုင်မည့် (၅၁)နှစ်မြောက် ရွှေသွေးဂျာနယ် အထူးထုတ်(၂၀၂၀) စာအုပ်ကို တန်ဖိုးကျပ် ၃၃၀၀ဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ စာပေဗိမာန် အရောင်းဆိုင်များနှင့် ရန်ကုန်မြို့ရှိ စာပေဗိမာန်အရောင်းဌာန အမှတ်(၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်သည်။

သတင်းစဉ်