တပ်ကုန်း စက်တင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု၊ ရန်ကုန်- မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ ၂၄၅ မိုင် ၇ ဖာလုံနှင့် ၂၄၆ မိုင်ကြား၊ နဝင်းချောင်း ဖြတ်ကူး အဆုံ (ဇီးကုန်း) တံတားချဥ်းကပ်လမ်းသည် စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်ထိ မိုးအဆက်မပြတ်ရွာသွန်းပြီး နဝင်းချောင်း ရေလျှံမှုကြောင့် ပျက်စီးသွားခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးအောင်သီဟ ဦးစီး၍ တံတားအထူးအဖွဲ့ (၆)မှ လူအင်အား ၃၀ ဦး၊ ကရိန်းယာဥ် နှစ်စီးအသုံးပြုကာ နှစ်လမ်းသွား ပေ ၁၀၀ သံဘောင်ဘေလီတံတား (ခံနိုင်ဝန်- တန် ၅၀) တည်ဆောက်ပြီးစီးပြီခဲ့သဖြင့် တံတားခံနိုင်ဝန်များ စစ်ဆေးခဲ့ပြီးနောက် ယမန်နေ့နံနက် ၉နာရီ ၂၀မိနစ်ခန့်မှစ၍ ယာဉ်နှင့် လူများအား စတင်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။
တင်စိုးလွင်