Skip to main content

ပန်းရန်အထိမ်းအမှတ် အထူးထုတ်စာတံဆိပ်ခေါင်းသစ် ၂၀၀ ကျပ်တန် ရောင်းချပေးမည်

နေပြည်တော် စက်တင်ဘာ ၁၇

မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များအကြား ပိုမိုသိရှိအလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းရန်အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၂၀၀ ကျပ်တန်) (၁)မျိုးအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၁ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် (တနင်္လာနေ့)၊ နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီး တို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့တော်စာတိုက် ကြီးများတွင် ရောင်းချပေးသွားမည် ဖြစ်သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် စက်တင်ဘာ ၂၁ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ် ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover)များပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်