Skip to main content

ကမ္ဘောဇဘဏ်လီမိတက်က ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် ၁၀ ဘီလီယံလှူဒါန်းရန် ခွင့်ပြုထားရှိ

ရန်ကုန် စက်တင်ဘာ ၁၆

ကမ္ဘောဇဘဏ်လီမိတက်က ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ရေကြီးရေလျှံဖြစ်ပွားလျက်ရှိသည့် သဘာဝဘေးအန္တရာယ်သင့် နေရာဒေသများအတွက် ဘဏ်ခွဲတစ်ခုလျှင် ကျပ်သိန်း ၁ဝ၀၀ ဖြင့် ကျပ်ငွေ ၁၀ ဘီလီယံ လှူဒါန်းရန်ခွင့်ပြုထားကြောင်း သိရသည်။

ရေကြီးရေလျှံဖြစ်ပေါ်လျက်ရှိသော မြို့နယ်အသီးသီးရှိ ဘဏ်ခွဲအသီးသီးမှအရာထမ်းများ၊ ဝန်ထမ်းများနှင့် မြို့မိမြို့ဖများပူးပေါင်း၍ တစ်နိုင်ငံလုံးရှိ ရေဘေးသင့်နေရာဒေသများအတွက် အချိန်နှင့် တစ်ပြေးညီ ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အဆင့်နှစ်ဆင့်ခွဲ၍ ရေဘေးသင့်ဒေသများရှိ ပြည်သူများ အသင့်စားသုံးနိုင်သော အစားအသောက်များ၊ မပုပ်မသိုးနိုင်သော အသင့်စားငါးသေတ္တာများ၊ စည်သွတ်ဘူးများ၊ သောက်ရေသန့်ဘူးများ၊ BPI ဓာတ်ဆားထုပ်များနှင့် လိုအပ်သည့် ဆေးဝါးများ၊ အသင့်ချုပ်ပြီး ကျားဝတ်ပုဆိုး၊ မဝတ်လုံချည် အဝတ်အထည်များ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ ခြုံစောင်များကိုလည်း ရေဘေးဒဏ်ပြင်းထန်အဆိုး ရွားဆုံးခံစားရသည့်နေရာဒေသများအထိ ကားကြီးများဖြင့် အလျင်မြန်ဆုံးပေးပို့ ဖြန့်ဝေလှူဒါန်းလျက်ရှိသည်။

ထို့ပြင် ရေဘေးဒဏ်ခံရသောမြို့များတွင် လည်း မဏ္ဍပ်များထိုး၍ ထမင်းချက်စခန်းများကို နေ့လယ်/ညစာများချက်ပြုတ်ပေးဝေခြင်း၊ ရေဘေးသင့်ကျေးရွာ များအတွက်လည်း နီးစပ်ရာရေလွတ်ကျေးရွာများသို့ KBZpay ဖြင့် ငွေလွှဲ၍ နံနက်/နေ့လယ်/ညစာများကိုချက်ပြုတ်ပေးဝေခြင်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်