အုတ်တွင်း စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ စိတ္တသုခရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက ယနေ့နံနက်ပိုင်းက နယ်လှည့်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျွဲပွဲမြို့၊ စိတ္တသုခရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြည်မြို့နယ်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်မင်းဦးအပါအဝင် ကျန်းမာရေးဝန်ထမ်းများမှ ရေဘေးသင့်ပြည်သူ(၈၅)ဦးအား ဆေးကုသပေးခဲ့ကြောင်းနှင့် နယ်လှည့်ဆေးကုသရာတွင် ကျွဲပွဲမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ တိုက်နယ်ဆရာဝန်နှင့် ဝန်ထမ်းများ၊ ရေဘေးကယ်ဆယ်ရေးစခန်း ကြီးကြပ်အဖွဲ့များမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ကျွဲပွဲမြို့ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)